“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, June 17, 2012

နှစ်ကြိမ်မြောက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ

နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ဇွန်လ ၁၆ ရက်နေ့က ငြိမ်းချမ်းရေး နိုဘယ်လ်ဆုပေးပွဲကျင်းပပြုလုပ်သွားခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် လူကိုယ်တိုင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို တက်ရောက်လက်ခံယူခဲ့သည်။  
နိုဘယ်လ်ဆုပေးပွဲအခမ်းအနား ကျင်းပပွဲတွင် တေးရေး ဆရာ အောင်လင်းရေးသားခဲ့သည့် မေတ္တာရွှေစောင်း သီချင်းကို မြန်မာအမျိုးသား စောင်းမောင်နေ၀ါက မြန်မာ့ရိုးရာ စောင်းဖြင့် ဂုဏ်ပြုဖျော်ဖြေခဲ့သည်။ 

 ဒေါ်အောင်ဆန်းစုကြည်ယခု ရရှိသော ငြိမ်းချမ်းရေးနိုဘယ်လ်ဆုမှာ ဒုတိယအကြိမ်မြောက် ဖြစ်ပြီး၊ ၁၉၉၁ ခုနှစ်က မြန်မာနိုင်ငံတွင် နေအိမ်အကျယ် ချုပ်ဖြင့် ဖမ်းဆီးခံနေရစဉ် နိုဘယ်ငြိမ်းချမ်းရေးဆု ကို ရရှိခဲ့ခြင်းဖြစ်သော်လည်း နိုဘယ်လ်ဆုကို ကိုယ်တိုင်တက်ရောက်ယူခွင့် မရရှိခဲ့ဘဲ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား အဆိုပါဆုပေးပွဲကို ခင်ပွန်းဖြစ်သူ Michael Aris နှင့် သားဖြစ်သူနှစ်ဦးတို့တက်ရောက်ခဲ့ပြီး ၄င်း၏သားဖြစ်သူနှစ်ဦးဖြစ်သော Alexander Aris (ခ)မြင့်ဆန်းအောင် နှင့် Kim Aris ((ခ) ကိုထိန်လင်း တို့က လက်ခံရယူခဲ့သည်။ 

 ပထမဦးဆုံး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ဒေါ်အောင်ဆန်းစုကြည် အသက် ၄၆ နှစ်တွင် ရရှိခဲ့ခြင်းဖြစ်ပြီး၊ ၂၁နှစ်အကြာ ယခုအသက် ၆၇ နှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ဒုတိယအကြိမ်မြောက် ပေးအပ်ချီးမြှင့်ခြင်းခံရသူဖြစ်ပြီး ယခုကဲ့သို့ နှစ်ကြိမ်မြောက် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရရှိသူမှာ ကမ္ဘာတွင် ပထမဦးဆုံးဖြစ်သည်။ 

 နိုဘယ်ဆုအပြင် နိုင်ငံတစ်ကာအစိုးရမှ ပေးအပ်သော Rafto Prize, Jawaharlal Nehru Award International Simón Bolívar Prize, Olof Palme Prize, Bhagwan Mahavir World Peace ဆုများကိုလည်း ရရှိခဲ့သည်။ ငြိမ်းချမ်းရေး နိုဘယ်ဆုပေးပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော မိန့်ခွန်းကို နိုဘယ်လ်ဆု ချီးမြှင့်ရေး ကော်မတီ ၀က်ဆိုဒ်ဖြစ်သော http://www.nobelprize.org/ တွင် တိုက်ရိုက် ကြည့်ရှူနိုင်သည်။ 

ညီအာဇာနည် 
 Photo by : AFP ,thestar news and daylife

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */